ပင်လောင်းမြို့နယ် ဝါးရန်ကျေးရွာ၌ ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းများဆောင်ရွက်

ပင်လောင်း ဧပြီ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဘန့်ဘာကျေးရွာ အုပ်စုဝါးရန်ကျေးရွာတွင် ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူများအား ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကွင်းဆင်းဆေးကုသရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေးက ကျန်းမာရေးဆိုင်ရာအ‌ကြောင်းများ အသိပညာပေးပြောကြားပြီး၊ ကျန်းမာရေးဝန်ထမ်းများက ဆေးကုသမှု လာရောက်ခံယူကြသည့် ပြည်သူများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကုသပေးခြင်း၊ ရောဂါနှင့်သက်ဆိုင်သည့် စားဆေးသောက်ဆေးများ အခမဲ့ပေးဝေခြင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါကွင်းဆင်းဆေးကုသမှုပေးရာတွင် ပြည်သူ ၂၀၇ ဦးအား ကျန်းမာရေးစောင့်ရှောက် ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)