ညောင်ဦးမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ဆောင်ရွက်နိုင်​ရေး မြေနဲလေးကျေးရွာ၌ ကွက်စိပ်၊ကွက်ကျဲ​မြေတိုင်းတာခြင်းများဆောင်ရွက်

ညောင်ဦး မေ ၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်​ဖြင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော  မြေနဲလေး ကျေးရွာအုပ်စု၊ မြေနဲလေးကျေးရွာ၌ မေ ၃ ရက်၊ နံနက် ၁၀ နာရီအချိန်က ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး လုပ်ငန်းစဉ်များမှ ကွက်စိပ်၊ ကွက်ကျဲမြေတိုင်းတာခြင်း လုပ်ငန်းများဆောင်ရွက်နေမှုအား ကော်လိတ္တော်အရာရှိ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်း ညို၊မြို့နယ်အုပ်ချုပ်ရေးမှူး နယ်နိမိတ်သတ်မှတ်ရေးအရာရှိ (Boundary Officer) ဦးဝင်း လှိုင်တင့်၊မြို့နယ်မြေစာရင်းဦးစီးမှူး နယ်နိမိတ်ကြပ်မတ်ရေးအရာရှိ (Demarcation Officer) ဦးမြင့်အောင်တို့မှ မြေပြင်ကွက်စိပ်၊ ကွပ်ကျဲတိုင်းတာခြင်း လုပ်ငန်းများအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း