ရွှေပြည်သာ မေ ၃
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ် အမှတ်(၂၁)ရပ်ကွက် (လိန်ကုန်း)ကျေးရွာတွင် နွေစပါးစံကွက်ရိတ်သိမ်းမှု တောင်သူ ကွင်းသရုပ်ပြပွဲကို တောင်သူ ဒေါ်သန်းသန်းအေး၏ ကွင်းအမှတ်(၂၈၃) ဦးပိုင်အမှတ် (၂၂) ရှိ စိုက်ခင်း၌ စိုက်ပျိုးထားသော ရက်(၉၀)စပါး Seeder စိုက်ခင်းဧရိယာ(၆)ဧက၌ မေ (၃) ရက်နေ့နံနက်ပိုင်းက ကျင်းပသည်။
အဆိုပါ ရက် (၉၀) စပါးအမျိုးအစား နွေစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရွှေပြည်သာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးလွင်နှင့်ဝန်ထမ်းများ၊ စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဝင်း၊ အမှတ်(၂၁)ရပ်ကွက်(လိန်ကုန်း) ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးဆန်းနှင့်တောင်သူများ တက်ရောက်ကြပြီး တစ်ဧကအစိုထွက်နှုန်း (၁၀၈.၄၈)တင်းနှင့် အခြောက်ထွက်နှုန်း (၁၀၅.၇) တင်းနှုန်းထွက်ရှိကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)