ကွမ်းလုံ၌ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကွမ်းလုံ  ဇန်နဝါရီ    ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လယ် (၁၂)နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေး ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဇေယျ က ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပ​ဒေများနှင့် သက်ဆိုင်ရာဌာနအလိုက် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း ပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီရိကျော်က လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ် အခွင့် အရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ထောက်ပံ့ငွေများ ပေးအပ်ထောက်ပံ့မှု အခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များက သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်း ဆောင်ရွက်မှုများနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

မိုင်းခိုင်ဇော်(ကွမ်းလုံ)