မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်းဘုတ်တင်

ချမ်းအေးသာစံ မေ ၁

၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်နေ့တွင်ကျရောက်မည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်းဘုတ်တင်အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ဦးစွာ မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းနှင့် အရာရှိကြီးများက ဆိုင်းဘုတ်တင်အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဆိုင်းဘုတ်အား အောင်သပြေခတ်များဖြင့် အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။

ထို့နောက် ချမ်းအေးသာစံမြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာမောင်မယ်အဖွဲ့မှ ဂုဏ်ပြုတီးမှူတ်ခဲ့ကြပြီး ဘင်ခရာအဖွဲ့အား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ကျင်းပရေးဦးစီးကော်မတီမှ  ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ ဗဟိုမီးသတ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးအောင်စိန်ဝင်း၊ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးရှိုင်းဝေမိုး၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုး၊ မြို့နယ်မီးသတ်ဦးစီးမှူးများ၊ မန္တလေးမြို့အရန်မီးသတ် ကြီးကြပ်ရေးကော်မတီဝင်များ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ၊ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)