နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျ ဒက္ခိဏသီရိမြို့နယ်၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနား တက်ရောက်

ဒက္ခိဏ မေ ၁

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ အသေးစားနှင့်အလတ်စားစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာအား နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျက ဖတ်ကြားပြီး  ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာနမှ ပေးပို့သည့် အလုပ်သမားနေ့ Video Clip ကိုပြသသည်။

အဆိုပါအခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူများနှင့် ဖိတ်ကြားထားသူများ  တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)