မဟာအောင်မြေ မေ ၁
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက်၌ ပြည်သူ့စစ်မှုထမ်းအမှတ်(၁)မှ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးသော နိုင်ငံ့သားကောင်းများအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းအမှတ်(၁)မှ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးသော နိုင်ငံ့သားကောင်းများအား မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တရားလွှတ်တော်ရှေ့နေ ဦးစိုးနိုင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးထွန်းထွန်းဝင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်စိုး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ရပ်ကွက်နေပြည်သူများက သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုခဲ့ကြပြီး နိုင်ငံ့တာဝန်များကို တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးသော နိုင်ငံ့သားကောင်း ၅ ဦးအား ဂုဏ်ပြုဆုငွေနှင့်ဆန်၊ဆီများအား တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။
အောင်ဇော်မင်း