တောင်သာ မေ ၁
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူးကျင်းပသော သံဃာတော်(၁၀၈)ပါးအား ဆွမ်းဆန်၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ လောင်းလှူပူဇော်ပွဲ အခမ်းအနားကို ကဆုန်လပြည့်နေ့ ယမန်နေ့ နံနက် ၇ နာရီခွဲက အမှတ်(၆)ရပ်ကွက် ပြည်လုံးအောင်ချမ်းသာ ဘုရားဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကြွရောက်လာသော ဆရာတော်သံဃာတော် ၁၀၈ ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရနှင့် အဖွဲ့ဝင်များက ဦးဆောင်၍ မြိုနယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်အသင်းဝင်များနှင့် အလှူရှင်များက ဆွမ်းဆန်၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ လောင်းလှူခဲ့ကြပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် အများပြည်သူစုပေါင်းကောင်းမှုဖြင့် ညနေ(၃)နာရီအချိန်တွင် စတုဒိသာများ ကျွေးမွေးခဲ့ကြကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)