မိုးနဲ ဇန်နဝါရီ ၁၅
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (တောင်ကြီး) Good Agricultural Practices -FDA မှ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့ဝင်များသည် ယနေ့ နံနက် ၁၀ နာရီက အချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့စစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (တောင်ကြီး) FDA မှဒေါက်တာ ရွဲနှင်းဝေနှင့် တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးဌာန၊ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇင်မီဟန်နှင့်အဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသည့် အိမ်သုံးဆေးဆိုင်များတွင် တားမြစ်ဆေးများ၊ မူးယစ် ဆေးအုပ်စုဝင် ဆေးများ၊ ခွင့်ပြုချက်မရှိသည့် ကြီးကြပ်ကန့်သတ် ဆေးဝါးများ၊ ထိန်းချုပ်ဆေးဝါးများ၊ သက်တမ်း လွန်ခါနီးဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ ဆေးဝါး မှတ်ပုံတင်မရှိသည့် ဆေးဝါးများ၊ သုံးစွဲရန်မသင့်သော ဆေးဝါးများ ဝယ်ယူ တင်သွင်း ဖြန့်ချီရောင်းချမှုမရှိစေရေး လိုက်လံ စစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိပါက အမျိုးသားဆေးဝါးဥပဒပါ ပြဋ္ဌာန်းချက်များအရ အရေးယူအပြစ်ပေးခံရနိုင်သည့် အခြေအနေများကို အသိပညာပေး ဆွေးနွေးပြောကြားခြင်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးညွန့်ရွှေ(ပြန်/ဆက်)