ဇေယျာသီရိ ဧပြီ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းမှ ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁)တွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများအား ဇေယျာသီရိမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ဇေယျာသီရိခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောနိုင်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့စစ်မှူထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရးမှူးများ၊ ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁)တွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများနှင့် မိသားစုဝင်များ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဇေယျာသီရိခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောနိုင်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး ပြည်သူ့စစ်မှုထမ်း အပတ်စဉ်(၁)တွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများအား ဂုဏ်ပြုပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁)တွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူတစ်ဦးမှ ကျေးဇူးတင်စကားနှင့် တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများအား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းလင်း (ဇေယျာမြေ)