ချောင်းဆုံမြို့နယ်၌ ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ချောင်းဆုံ ဧပြီ ၃၀

ချောင်းဆုံမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြာပြီး မြို့နယ်စီမံကိန်းဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာချိုက ချောင်းဆုံမြို့နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းများအား  ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေများနှင့် နိုင်ငံပိုင်အခန်းကဏ္ဍမှ ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ၏ ရင်းနှီးမြုပ်နှံမှု ရည်မှန်းချက်များအပေါ် ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများမှ မြို့နယ်ရှိ ဌာနဆိုင်ရာများအား ချောင်းဆုံမြို့နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များအား ခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကျော် (ချောင်းဆုံ)