မောက်မယ် ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေ ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေများ ထပ်ဆင့်ရှင်းလင်း ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရက အုပ်ချုပ်ရေးယန္တရား ကဏ္ဍအကြောင်း၊ ရပ်ကွက်(သို့)ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေ ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေများ၊ ကြီးကြပ်ရေးအဖွဲ့ဝင်၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံ၊ ရပ်ကွက်(သို့)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း လုပ်ငန်းစဉ်များကို ဦးစွာရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့က ဆွေးနွေးချက်များ အပေါ် သိရှိလိုသော အချက်အလက် များကို အပြန်အလှန်ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရက ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေ ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေများများနှင့်ပတ်သက်၍ အခက်အခဲများ၊ ဖြေရှင်းမည့်နည်းလမ်းများ၊ အကြံပြုတင်ပြချက်များကို ဝိုင်းဝန်းထပ်ဆင့်ရှင်းလင်း ဆွေးနွေးမှတ်သားပေးစေလိုကြောင်း ပရိုဂျက်တာဖြင့် အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့သည်။
စိုင်းမျိုးသန့်(မောက်မယ်)