ကျိုက်ထို ဧပြီ ၃၀
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ပေါ်ရှိ ရေအခက်အခဲဖြစ်သည့် ပြည်သူများအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ ယမန်နေ့မွန်းလွဲပိုင်းတွင် သောက်သုံးရေများ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲညွန့်ထွေး၏ ဦးဆောင်မှုဖြင့် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ တိုင်ကော်ကျေးရွာအား ဂါလံ ၁၆၀၀ ဆံ့ ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများ လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် မီးသတ်ဦးစီးဌာနအနေဖြင့် ဌာန၏ပြည်သူ့အကျိုးပြုလုပ်ငန်းအနေဖြင့် သောက်သုံးရေများကို ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေးကျောင်းများ၊ အများပြည်သူသုံး ရေကန်များနှင့် ရေရှားပါးရာနေရာများသို့ နှစ်စဉ် လိုက်လံလှူဒါန်းပေးခဲ့ကြောင်း ဆက်လက်၍ ထပ်မံလှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ကျိုက်ထို (ပြန်/ဆက်)