ပေါင် ဧပြီ ၃၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ရေသယံဇာတထိန်းသိမ်းရေးနှင့် ရေချွေတာသုံးစွဲရေး အသိပညာပေးဟောပြောပွဲကို ဧပြီ ၂၈ ရက်က ဝဲပတန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်လွင်ဦးနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်လွင်ဦးက ရေသည် လူနှင့်တိရစ္ဆာန်များအတွက်သာမက သက်ရှိအပင်များအားလုံးအတွက် မရှိမဖြစ် အရေးကြီးဆုံးအရာဖြစ်ပါကြောင်း၊ လူ့အရေးသုံးပါးဖြစ်သည့် စားရေး၊ ဝတ်ရေး၊ နေရေးများစွာထဲတွင် သောက်သုံးရေ အလုံအလောက်ရရှိမှုသည် အခြေခံလိုအပ်ချက်တစ်ခုဖြစ်ပါကြောင်းနှင့် ရေသယံဇာတထိန်းသိမ်းရေး၏ အရေးပါမှုအကြောင်းများကို အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)