ကျိုင်းတောင်းမြို့၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ သင်တန်းပို့ချ

ကျိုင်းတောင်း ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ သင်တန်းပို့ချခြင်းကို ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ နမ့်တိန်းခန်းမတွင် ယနေ့ နံနက် နာရီခန့်က ဆောင်ရွက်ခဲ့သည်။

အဆိုပါသင်တန်းတွင် မိုးနဲမြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှေးဦးစွာ ရှင်းလင်းပြောကြား၍ သင်တန်းတက်ရောက်လာသော ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ အချက်အလက်များကို သင်တန်းပို့ချခဲ့ကြောင်းသင်တန်းတက်ရောက်လာသူများမှ မရှင်းလင်းသည်များကို ဆွေးနွေးဆောင်ရွက်၍ သင်တန်း တက်ရောက်သူ စုစုပေါင်း (၃၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျိုင်းတောင်း(ပြန်/ဆက်)