ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ဟိုပုံး  ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှစတင်၍ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခွန်စိန်မင်းနှင့် ဝန်ထမ်းများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ် (၅၀)သန်း ဖြင့်ဆောင်ရွက်သည့် အလျား(၅၀၀)ပေ အနံ(၆)ပေ အမြင့်(၄.၅)ပေရှိ မြို့မရေလွှဲဆည် လက်ယာတူးမြောင်းမကြီး ကျောက်လိုင်နင်စီခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ ၂၀၂၀-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လွယ်အွန့်ကျေးရွာအုပ်စု၊ ဖာလိုင်ရေထွက် အထွေထွေ ပြုပြင်ခြင်းလုပ်ငန်း တာပေါင်ဖို့ခြင်း အလျား၇၀၀ပေ၊ အနံ၁၄ပေ၊ အမြင့် ၆ပေ၊ ရေတံခါး ဆောက်လုပ်ခြင်း အလျား၂၂ပေ၊ အနံ၅ပေ၊ အမြင့်၆ပေ၊ ရေပိုလွှဲအဆောက်အဦ အလျား၅ပေ၊ အနံ၂၀ပေ၊ အမြင့် ၆ပေ၊ ရေဝပ်ဧရိယာတူးဖော်ခြင်း အလျား၇၀၀ပေ၊ အနံ၂၀၀ပေ၊ အမြင့် ၄ပေ ဆောက်ရွက်မည့် လုပ်ငန်းများကို လည်းကောင်း၊ ဆီဆိုင်မြို့နယ် နောင်ခမ်းစိုက်ပျိုးရေး ခြံအတွင်း တဘက်ပိတ်ဆည်များ တည်ဆောက်ခြင်း တမံဖို့ခြင်း အလျား၁၀၀ပေ၊ အနံ၁၆ပေ၊ အမြင့် ၁၅ပေ၊ ဆောက်ရွက်မည့်လုပ်ငန်း တိုင်းတာခြင်းကို လည်းကောင်း၊ ဆီဆိုင်မြို့နယ်၊ ဘန့်ဗွီးကျေးရွာအုပ်စု အတွင်းရှိကျေးရွာ(၅)ရွာမှ တောင်သူများ၏ လယ်မြေဧက(၁၅၀၀)ကိုအကျိုးပြုမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန် ပုံငွေကျပ် (၁၅၀)သန်းဖြင့်ဆောင်ရွက်သည့် အလျား၁၀၀ပေ၊ အနံ(၄၅)ပေ၊ အမြင့်(၁၀)ပေရှိ နောင်အယ်ရေလွှဲဆည်(ကျောင်းချယ်) တည်ဆောက်ခြင်းလုပ်ငန်းနှင့် အရှည်ပေ(၃၀၀)၊ အကျယ် (၇၅)ပေ၊ အမြင့်(၈)ပေရှိ ရေဝပ်ဧရိယာတူးဖော်ခြင်းလုပ်ငန်းများ (၅၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေမှုကိုလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း နှင့် အဆိုပါလုပ်ငန်းများကို မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

နေမင်းထွန်း(ဟိုပုံး)