ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်စွာ လည်ပတ် နိုင်ရေးအတွက် ဆွေးနွေးပွဲပြုလုပ်

ဇေယျာသီရိ       ဇန်နဝါရီ   ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာကြည့် တိုက် ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်စွာ လည်ပတ်နိုင်ရေးအတွက် ဆွေးနွေးပွဲကို သစ်တပ်ကျေးရွာအုပ်စု၊ သစ်တပ်ကျေးရွာရှိ ပညာ့ရိပ်မွန် စာကြည့်တိုက်အတွင်း၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။ 

ဆွေးနွေးပွဲတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြစန်းရီက မိတ်ဆက် အမှာစကား ပြောကြားရာတွင် ဇေယျာသီရိမြို့နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းနှင့် ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက် ကော်မတီဝင်များ အနေဖြင့် ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်များ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်စွာ လည်ပတ်နိုင်ရေးအတွက် တညီတညွတ်တည်း ပူပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ်စာကြည့် တိုက်ဖောင်ဒေးရှင်းဉက္ကဋ္ဌ ဦးဆန်းထွန်းက မိမိတို့အနေဖြင့် စာပေဝါသနာရှင်များနှင့် အလှူရှင်များရှာ၍  ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်များ လည်ပတ်နိုင်ရေးအတွက် တတ်နိုင်သ၍ ကူညီထောက်ပံ့ပေးမည်ဖြစ်ရာ ကော်မတီဝင်များ အနေဖြင့် မိမိတို့ရပ်ရွာ အတွင်းရှိ အများပြည်သူများအား စာပေလေ့လာရန် လှုံ့ဆော်ပေးခြင်းနှင့် စာဖတ်လာအောင် စည်းရုံးဆောင်ရွက် ရန်၊ ရရှိပြီးစာအုပ်စာစောင်များကို မပျောက်မပျက် ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြား ခဲ့သည်။ ယင်းနောက် တက်ရောက်လာသော မြို့နယ်အတွင်းရှိ စာကြည့်တိုက် ကော်မတီဝင်များက သိရှိလိုသည်များ မေးမြန်း ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူးနှင့်  စာကြည့်တိုက်ဖောင်ဒေးရှင်းဉက္ကဋ္ဌတို့က ပြန်လည်ဖြေကြားပေးခဲ့ သည်။                                                                      

ဆွေးနွေးပွဲသို့ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်မြစန်းရီ၊ ဇေယျာသီရိမြို့နယ် စာကြည့် တိုက်ဖောင်ဒေးရှင်းဉက္ကဋ္ဌ ဦးဆန်းထွန်း၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက် ကော်မတီဝင်များနှင့် စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးလင်းထွန်း (ပြန်/ဆက်)