မြစ်သား ဇန်နဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်၌ မီးသတ်ဦးစီးဌာန မီးသတ်စခန်း ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန်အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက မင်းကုန်းရပ်ကွက်၊ မီးသတ် ဦးစီးဌာန၊ မီးသတ်စခန်းဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပသည်။
ပန္နက်တင်မင်္ဂလာအခမ်းအနားတွင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါက်တာလင်းလင်းကျော်၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်၊ ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးစောလွင်အေး၊ မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးနိုင်မင်းထွန်း တို့က မီးသတ်စခန်း ဝန်ထမ်းအိမ်ရာဆောက်လုပ်မည့် မြေနေရာအား ပန္နက်ရိုက်၍ အမွှေးနံ့သာရည်ဖြင့် ပက်ဖြန်း ခြင်းများဆောင်ရွက်ပေးခဲ့ကြသည်။
မြစ်သားမြို့နယ် မီးသတ်စခန်းဝန်ထမ်းအိမ်ရာ အဆောက်အဦကို တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်း(၂၅၀.၅)ဖြင့် အလျား ၈၀ ပေx အနံ ၃၀ ပေx အမြင့် ၃၆ပေ၊ (၄)ခန်းတွဲ(၄)ထပ် RCC အမျိုးအစား အား Unique Mansion Construction Co.Ltd မှ တာဝန်ယူဆောက်လုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ ပန္နက်တင်မင်္ဂလာ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်မီးသတ်ဦးစီးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်သားမြို့နယ် မီးသတ်ဦးစီးမှူးများ၊ မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ Unique Mansion Construction Co.Ltd မှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြမြမွန်(ပြန်/ဆက်)