တွံတေး ဧပြီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် လှိုင်သာယာ-တွံတေး-ဒလသွား ကားလမ်းမကြီးရှိ မမျိုးစုလမ်းဆုံအနီး ပန်းလှိုင် (X.Rays) ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းမောင်းနှင်နေသော အိမ်စီး/ အငှား/ ကုန်တင်မော်တော်ယာဥ်များအား နိုင်ငံတော်မှ စက်သုံးဆီ သုံးစွဲမှုလျော့ချရေး သတ်မှတ်ထားသည့် စည်းကမ်းများနှင့် ညီညွတ်ခြင်း ရှိ/ မရှိ စစ်ဆေးအရေးယူခြင်းကို ယနေ့နံနက် ၁၀နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် လိူင်သာယာသွား ကားလမ်းမပေါ်ရှိ မမျိုးစုလမ်းဆုံအနီး ပန်းလှိုင် (X.Rays) ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယထရစု (၅၇)မှ တပ်ဖွဲ့ဝင်များသည် တာဝန်ကျတပ်ဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်မောင်းနှင့် ဘေးထိုင်စီးနင်းသူများ ထိုင်ခုံခါးပတ်များပတ်ရန် မော်တော်ဆိုင်ကယ်များ/ ပါဝါအိပ်ဇောများ တပ်ဆင်အသုံးပြုခြင်းမပြုရန် သတ်မှတ်နံပါတ်ပြားတပ်ဆင်ရန်နှင့် အလှဆင် အိုးဝေများနံပါတ်ပြားများ တပ်ဆင်ခြင်းမပြုလုပ်ရန် ဘေးတွဲဆိုင်ကယ်များအား ညာကပ်မောင်းစနစ် မောင်းနှင်ရန်နှင့် မောင်းနှင်စဉ် ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန် မေးသိုင်းကြိုးများ စနစ်တကျတပ်ဆင်မောင်းနှင်ရန် ယာဉ်မဆင်မခြင်မောင်းနှင်ခြင်းများကြောင့် ယာဥ်တိုက်မှု့အန္တရာယ်မဖြစ်ပွားစေရေး Quick Win စီမံချက်နှင့်အညီ စစ်ဆေးပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကာ ပညာပေးလက်ကမ်းစာစောင် (၂၅) စောင်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးလှိုင် (တွံတေး)