ရန်ကုန်မြို့ Lotte Hotel ၌ “ရေရှည်တည်တံ့သော အာဆီယံဖြစ်စေရေး သန့်ရှင်းသော လေထု ဆိုင်ရာစီမံကိန်း”၏ (Clean Air For Sustainable ASEAN (CASA) Project) မှ ပေးအပ်သည့် Air Quality Monitoring Station (AQMS) လေထုအရည်အသွေး တိုင်းတာရေးစက် (၂) လုံးအား လွှဲပြောင်းလက်ခံ

ရန်ကုန် ဧပြီ ၂၈

“ရေရှည်တည်တံ့သော အာဆီယံဖြစ်စေရေးသန့်ရှင်းသော လေထုဆိုင်ရာစီမံကိန်း” ၏ (Clean Air For Sustainable ASEAN (CASA) Project) မှ ပေးအပ်သည့် Air Quality Monitoring Station (AQMS) လေထုအရည်အသွေး တိုင်းတာရေးစက် (၂) လုံးအား လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ Lotte Hotel တွင် ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ CASA Project မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် Clean Air For Sustainable ASEAN (CASA) Project စီမံကိန်းနှင့် ပတ်သက်၍ Video Clip အား ပြသသည်။

ဆက်လက်၍ စီမံကိန်းမှ ပေးအပ်သည့် Air Quality Monitoring Station (AQMS) လေထုအရည်အသွေးတိုင်းတာရေးစက် (၂) လုံးအား လွှဲပြောင်းလက်ခံခြင်း မှတ်တမ်းတင်လက်မှတ်ရေးထိုးကြသည်။

ယင်းနောက် Clean Air For Sustainable ASEAN (CASA) Project စီမံကိန်း၏ တာဝန်ရှိသူ Seoul National University မှ Professor Mr. Ki Young Lee က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)