ကွမ်းခြံကုန်းမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊‌ တွေ့ဆုံမိတ်ဆက်ခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အခမ်းအနားကျင်းပ

ကွမ်းခြံကုန်း ဧပြီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအခမ်းအနားကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဇော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သီဟ၊ ဦးကျော်ကျော်လတ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်လင်းနှင့် ဒေါ်စန္ဒာဝင်းတို့က အမှာစကားများ အသီးသီးပြောကြားခဲ့ကြပြီး ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးချန်ဖီယာန်က ဒေသဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြခြင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူစိုးက အစိုးရသစ်လက်ထက် ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်မည့် ဌာနဆိုင်ရာလုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တွံတေးခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွှန့်နွယ်က ရက် (၁၀၀) စီမံချက်တွင် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လိုအပ်သည်များအား ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ထိုနောက် ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)