နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း အသားစားသုံးမှုဖူလုံစေရေး၊ အများပြည်သူအသားစားသုံးမှု ဘေးကင်းလုံခြုံစေရေး ပညာပေးဆွေးနွေးဆောင်ရွက်

နောင်ချို ဧပြီ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် မြို့နယ်အတွင်း အသားစားသုံးမှုဖူလုံစေရုံသာမက ပိုလျှံသည်များကို အခြားဒေသများသို့ ဖြန့်ဖြူးနိုင်ရေး၊ အများပြည်သူအသားစားသုံးမှု ဘေးကင်းလုံခြုံစေရေးတို့အတွက် အသားထုတ်လုပ်ရောင်းချသူ၊ တိရစ္ဆာန်အရှင်ဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များအား ပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်နှင့် အဖွဲ့ဝင်များသည် (၂၇.၄.၂၀၂၆)ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် နောင်ချိုမြို့နယ် စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမတွင် နောင်ချိုမြို့နယ်အတွင်းရှိ အသားထုတ်လုပ်ရောင်းချသူ၊ တိရစ္ဆာန်အရှင်ဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များအား တွေ့ဆုံကာ မြို့နယ်အတွင်း တိရစ္ဆာန်အရှင်မွေးမြူထုတ်လုပ်နိုင်မှု ပမာဏတိုးတက်မြင့်မားလာကာ  မြို့နယ်၏ စုစုပေါင်းအသားစားသုံးမှုကို ဖူလုံစေရုံသာမက ပိုလျှံသည်များကို အခြားမြို့နယ်များသို့ပါ ဖြန့်ဖြူးနိုင်ရေး၊ မြို့နယ်အတွင်း အများပြည်သူစားသုံးရန် အသားထုတ်လုပ်ရောင်းချရာတွင်လည်း အသားစားသုံးမှုဘေးကင်းလုံခြုံစေရေးတို့အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ဥပဒေ၊ SOP များနှင့်အညီ စနစ်တကျ ဆောင်ရွက်စေရေးတို့အား ပညာပေးဆွေးနွေးခဲ့ရာ တက်ရောက်သူလုပ်ငန်းရှင်(၂၉)ဦးရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)