ကာလိ ဧပြီ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့က စက်သုံးဆီများ ဖြန့်ဖြူးရောင်းချလျက်ရှိသောဆိုင်များတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကာလိနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲမင်းဟိန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက စက်သုံးဆီများဖြန့်ဖြူး ရောင်းချလျက်ရှိ သောဆိုင်များတွင် မီးသတ်ဆေးဘူးများ ပြည့်စုံလုံလောက်စွာထားရှိမှု ရှိ/မရှိ၊ မီးသတ်ဆေးဘူးများ သက်တမ်းကျော်လွန်မှု ရှိ/မရှိ၊ ဆီဖြည့်နေစဉ် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရန်နှင့် စက်သုံးဆီသိုလှောင်ထားရှိမှုများသည် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးသတ်ဆေးဘူးများကို အသုံးပြု၍ မီးငြှိမ်းသတ်နည်း၊ Fire Ball ကို အသုံးပြု၍ မီးငြှိမ်းသတ်နည်းများကို ရှင်းလင်းပြောကြားခဲ့ပြီး စက်သုံးဆီဆိုင်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းတစ်ဦးချင်းစီးအား လက်တွေ့လေ့ကျင့်သရုပ်ပြသ ဆောင်ရွက်ခဲ့သည်။
စည်သူ(ပြန်/ဆက်)