တန့်ယန်း ဧပြီ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၇) ရပ်ကွက်၌ ကျင်းပသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအိုက်ပေါင်းအောင်က သစ်တောထိန်းသိမ်းရေး၊ တောမီးကြိုတင်ကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဝေဖြိုးလွင်က တောမီးလောင်ကျွမ်းခြင်းဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးလှစိုးဝင်းက ရေသယံဇာတ ထိန်းသိမ်းရေးနှင့်ရွှေ့ပြောင်းတောင်ယာစနစ် လျော့နည်းပပျောက်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)