တာချီလိတ် ဧပြီ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အားအသုံးပြုမှု လုံခြုံစိတ်ချရမှုတိုးတက်စေရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် မြို့မီးလင်းရေး ဦးဆောင်ကော်မတီ၏ ဓာတ်အားဖြန့်ဖြူးမှုစနစ်အတွင်း ယခင်သွယ်တန်းအသုံးပြုထားသော ဓာတ်အားလိုင်းကြိုးများ အဆင့်မြှင့်တင်အစားထိုးလဲလှယ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ပုန်းထွန်ရပ်ကွက်၊ စဝ်စံထွန်းလမ်းတစ်လျှောက်ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပုန်းထွန်ရပ်ကွက်၊ ငွေစေတီလမ်း၊ ငွေတောင်ဦးကျောင်းရှေ့မှ စဝ်စံထွန်းလမ်းတစ်လျှောက်သွယ်တန်းထားသော 22 KV ဓာတ်အားလိုင်းတွင် ယခင်သွယ်တန်း အသုံးပြုထားသော ACSR-50 sqmm လိုင်းကြိုးများအား SAC-185 sqmm လိုင်းကြိုးများဖြင့် အဆင့်မြှင့်တင်အစားထိုးလဲလှယ်ခြင်း၊ လိုအပ်သည့်နေရာများတွင် လျှပ်စစ်တိုင်သစ်များ ထပ်တိုးစိုက်ထူခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် လုပ်ငန်းများဆောင်ရွက်နေစဉ် ရပ်ကွက်ကျေးရွာအချို့၌ လုပ်ငန်းလိုအပ်ချက်အရ လျှပ်စစ်ဓာတ်အားများ အချိန်ပိုင်းဖြတ်တောက်ထားမည်ဖြစ်ပြီး လုပ်ငန်းများစောလျင်စွာပြီးစီးပါက အမြန်ဆုံးလျှပ်စစ်ဓာတ်အားများ ပုံမှန်အတိုင်းပြန်လည်လွှတ်မည်ဖြစ်ကြောင်း မြို့မီးလင်းရေးဦးဆောင်ကော်မတီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)