လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ မြို့နယ်စာရေးဆရာ/ ဆရာမများ လစဥ်ပုံမှန်စာဖတ်ဝိုင်းပြုလုပ်

လှိုင်သာယာ(အနောက်ပိုင်း)ဧပြီ ၂၅

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စာရေးဆရာများအသင်း နာယကရွေးချယ် လစဥ်ပုံမှန်စာဖတ်ဝိုင်းကို ယနေ့ နံနက် (၉) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး Community Centre ခန်းမတွင် ပြုလုပ်သည်။

အခမ်းအနားသို့ ပြန်/ဆက် ဦးစီးအရာရှိ ဦးမြင့်ဇော်၊ Book Club အသင်းဥက္ကဋ္ဌ ကဗျာဆရာ ဦးစိုးမိုးသိမ်းနှင့် အသင်းဝင်စာရေးဆရာများ တက်ရောက်ကြသည်။

ဦးစွာ Book Club အသင်းဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြန်/ဆက် ဦးစီးအရာရှိ ဦးမြင့်ဇော်က လစဉ်ပုံမှန်စိတ်ပါဝင်စားစွာလာရောက်ကြသည်အတွက် ကျေးဇူးတင်စကားပြောကြား​​သည်။

ထို့နောက် စာရေးဆရာ / ဆရာမများက လိုအပ်သည်များကို အသီးသီးဆွေးနွေးကြပြီး စာရေးဆရာမ သဇင်ဝေမြင့် (သမိန်ထော)၏ ဉာဏ်ကြီးရှင်ကြီးပါတော့ စာမူကိုဖတ်ကြားသည်။

ယင်းနောက် Book Club အသင်းဥက္ကဋ္ဌ ဦးစိုးမိုးသိမ်းမှ အသင်း၏ တိုးတက်ရာတိုးတက်ကြောင်းနှင့် အသင်းရေရှည်တည်တံ့နိုင်ရန် ရှေ့လုပ်ငန်းများကို ဝိုင်းဝန်းလုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)