ပုသိမ်ကြီးမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် Biometric ကောက်ယူခြင်း ဆောင်ရွက်

ပုသိမ်ကြီး ဧပြီ ၂၅

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရုံးမှ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီက ရေထွက်ကျေးရွာအုပ်စုရှိ ပြည်သူများအား ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာသို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဆွေသန်း၊ တိုင်းဒေသကြီး လ.ဝ.က ညွှန်ကြားရေးမှူး ဦးစိုးလွင်၊ ခရိုင်ဦးစီးမှူး ဦးမောင်မောင်အေး၊ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများ၊ အောင်မြေသာစံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းနှင့် မြို့နယ်တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၁၂)ကတ်နှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို(ပြန်/ဆက်)