ကျောက်မဲခရိုင်၌ ပလတ်စတစ်အသုံးပြုမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောက်မဲ ဧပြီ ၂၅

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဧပြီ ၂၄ ရက်နေ့ နေ့လယ် ၁ နာရီအချိန်၌ ပလတ်စတစ်အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများနှင့် အန္တရာယ်များအကြောင်း အသိပညာပေးဟောပြောပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက ပလတ်စတစ်အသုံးပြုမှု၏ သဘာဝပတ်ဝန်းကျင်နှင့် လူ့ကျန်းမာရေးအပေါ် သက်ရောက်မှုများ၊ ရေရှည်အန္တရာယ်များနှင့် လျော့ချနိုင်ရေးနည်းလမ်းများကို အလေးထားဟောပြောဆွေးနွေးခဲ့သည်။

ယင်းဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)