မိုင်းယောင်းမြို့၌ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကျင်းပ

မိုင်းယောင်း ဧပြီ ၂၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြိုနယ် တော်ဝင်မိုင်းယောင်းဆန်စက်၌ ယနေ့နံနက်ပိုင်းက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် လုပ်ငန်းရှင်များ၊ တောင်သူများ၊ တက်ရောက်လာသူများက စက်သုံးဆီကြောင့် စိုက်ပျိုးရေးလုပ်ငန်းများမထိခိုက်စေရေးနှင့် MSME လုပ်ငန်းများ ထုတ်ကုန်တိုးမြှင့်စေရေး ဆွေးနွေးကြသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ နွေရာသီကာလများတွင် သောက်သုံးရေအဆင်ပြေစေရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း (ပြန်/ဆက်)