ကလော ဧပြီ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့၊ မြို့နယ်ခန်းမတွင် ယမန်နေ့ မွန်းလွှဲ ၂ နာရီက လွှတ်တော်ကိုယ်စားလှယ်များနှင့်ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖနှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စာရေးများ တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ နန္ဒာလှမြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်စောလွင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ထွန်းငယ်တို့က မိတ်ဆက်စကားများပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ နန္ဒာလှမြင့်က လွှတ်တော်ဆိုင်ရာအကြာင်းအရာများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများအား ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကလောမြို့နယ်အတွင်း ရက်(၁၀၀)စီမံချက်အား power point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည် ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာဌာနအလိုက်ဆောင်ရွက်မည့်လုပ်ငန်းများတင်ပြခဲ့ကြပြီး၊ မြို့မိမြိုဖနှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ရပ်ကွက်၊ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ရမည်၊ ပညာရေး၊ ကျန်းမာရေး၊ ရေ၊ မီးနှင့် လမ်းတံတားများရရှိစေရေးအတွက် လိုအပ်ချက်များအား အသီးသီးဆွေးနွေးတင်ပြခဲ့ကြရာ တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)