မိုင်းရှူးမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

မိုင်းရှူး ဧပြီ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေ (၃) နာရီခွဲအချိန်က ခလရ (၁၄၉) တပ်ရင်းတွင် ဆောင်ရွက်သည်။

ဦးစွာ မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းဇင်ဖြိုးက မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များ ရည်ရွယ်ချက်များနှင့် မီးဘေးအန္တရာယ်အကြောင်း မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ မီးသတ်ဆေးဘူးအသုံးပြုပုံများ ရှင်းလင်းပြောကြားခဲ့ပြီး လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းဇင်ဖြိုးနှင့် တပ်ဖွဲ့ဝင် (၅) ဦး၊ အမှတ် (၁) လှုပ်ရှားနည်းဗျူဟာကွပ်ကဲမှုအဖွဲ့ ဗိုလ်မှူးကြီး အောင်ကျော်ထွန်း၊ အရာရှိစစ်သည်နှင့် တပ်ဖွဲ့ဝင်များ၊ ရဲမေများ စုစုပေါင်း (၇၂) ဦး တက်‌ရောက်ပါဝင်ခဲ့ကြောင်း သိရသည်။

မိုင်းရှူး (ပြန်/ဆက်)