ပြည်ကြီးတံခွန်မြို့နယ်တွင် ဓတ်မြေဩဇာ စုပေါင်းရောင်းချပွဲနှင့် စံပြကွက် စိုက်ပျိုးထားသည့် တောင်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ပြည်ကြီးတံခွန် ဧပြီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ည) ရပ်ကွက်၊ မယ်တော်စုကွင်း၌ နွေစပါးစိုက်ပျိုးသည့် တောင်သူများအား ဓာတ်မြေဩဇာ စုပေါင်းရောင်းချပွဲနှင့် စံပြကွက်စိုက်ပျိုးသည့် တောင်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ပါသည်၊၊

အဆိုပါရောင်းချပွဲသို့ သီးနှံစိုက်ပျိုးသူ တောင်သူ ၁၅ ဦး တက်ရောက်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား သဘာဝမြေဩဇာနှင့် ငါးအမိုင်နိုအက်ဆစ် အားဆေးရည်များထောက်ပံ့ခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲတို့ ပြုလုပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဇင်မင်းမောင် (ပြန်/ဆက်)