မော်လမြိုင် ဧပြီ ၂၅
မော်လမြိုင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက သာယာအေးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖြိုးသက်နိုင်က ဒေသခံပြည်သူ (၄၄) ဦးအား သစ်တောသစ်ပင်ပြုစု ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်လာသည့်အချက်များ၊ မီးခိုးမြူငွေ့ အမျိုးအစားများ၊ မီးခိုးမြူငွေ့၏ ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့် နည်းလမ်းများ၊ တောမီးအန္တရာယ်နှင့် ကြိုတင်ကာကွယ်နိုင်ရေး နည်းလမ်းများနှင့် သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းကြောင့် ရာသီဥတု ကောင်းမွန်လာစေခြင်း အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောခဲ့ပြီး အဆိုပါ အကြောင်းအရာများနှင့် ပတ်သက်၍ ဒေသခံပြည်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ သစ်တောဦးစီးဌာန တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)