ကော့မှူး ဧပြီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းက ရက် (၁၀၀) စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စရပ်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင် ဥပဒေ/ နည်းဥပဒေ၊ လုပ်ထုံး/ လုပ်နည်းများအား လေ့လာဆောင်ရွက်ရန်၊ ပြည်သူ့စစ်မှုထမ်းကိစ္စရပ်များနှင့်ပတ်သတ်၍ ငွေကြေးပါဝင် ပတ်သတ်မှုမရှိစေရေး အလေးထားဆောင်ရွက်ကြရန်၊ စက်သုံးဆီချွေတာသုံးစွဲရေးနှင့်ပတ်သတ်၍ ပြည်သူလူထုအား အသိပညာပေးဆိုင်ရာကိစ္စရပ်များ၊ တရားမဝင် စက်သုံးဆီရောင်းဝယ်နေမှုများအား ဖော်ထုတ်အရေးယူဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ မိုးစပါးရာနှုန်းပြည့် စိုက်ပျိုးဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ Seeder ဖိုးကြွေးကျန်များ အပြေအကြေကောက်ခံပေးသွင်းရန်ကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများ ရက် (၁၀၀) စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသော ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)