မချမ်းဘော ဧပြီ ၂၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ဒေသခံပြည်သူများနှင့် စည်ပင်သာယာစျေးအတွင်းရှိစျေးသူစျေးသားများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးငြိန်းသတ်နည်း အသိပညာများရရှိစေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကာကွယ်ရေး မီးငြိမ်းသတ်သရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့မစျေးရှေ့၌ ဆောင်ရွက်ခဲ့သည်။
သရုပ်ပြဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဖန်က မီးသတ်ဆေးဘူး အသုံးပြုပုံအဆင့်ဆင့်ကိုလည်းကောင်း ၊မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းများကိုလည်းကောင်း၊ ကာကွယ်ရန်နည်းလမ်းများကိုလည်းကောင်း အဆင့်ဆင့်အသိပညာပေးရှင်းလင်းပြီးနောက် မီးငြိမ်းသတ်ခြင်းကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက စည်ပင်သာယာမြို့မစျေးအတွင်းသို့ မီးငြိမ်းသတ် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။
အဆိုပါမီးဘေးအန္တရာယ်ကာကွယ်ရေးသရုပ်ပြခြင်း၊ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်ရာသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတူးဂျာ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမေနှောင်းဒီဆားရ်နှင့်အဖွဲ့ဝင်များ စျေးသူစျေးသားများ၊သေခံပြည်သူများနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ (မချမ်းဘော)