မြောက်ဥက္ကလာပ ဧပြီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ပတ်၀န်းကျင်သန့်ရှင်းစေရေးအတွက် မြို့နယ်စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့မှကြီးကြပ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက သုဓမ္မာလမ်း (ခေမာသီလမ်းမှ ဘုန်းကြီးလမ်းအထိ ယမန်နေ့ နံနက် ၇ နာရီ အချိန် စုပေါင်းသန့်ရှင်းရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့မှကြီးကြပ်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုးရုံနှင့် ဌာနများမှ တွဲဖက်ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား (၄၅) ဦးဖြင့် သုဓမ္မာလမ်း (ခေမာသီလမ်းမှ ဘုန်းကြီးလမ်းပတ်၀န်းကျင်နှင့်အနီးအနားရှိ အမှိုက်သရိုက်များကောက်ယူခြင်း၊ မြက်ပင်၊ ပေါင်ပင်၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းဆယ်ယူရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိ ပုံသွင်း အလင်းဖွင့်ခြင်း၊ သစ်ရွက်ခြောက်ကြွေများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြပြီး ထွက်ရှိအမှိုက်များအား အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စွန့်ပစ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)