ငါန်းဇွန် ၊ ဇန်နဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေ ၃နာရီအချိန်က ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများဆိုင်ရာ ဆွေနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများကို Power Point ဖြင့် ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် တက်ရောက်လာသော မြို့နယ်အဆင့် ဌာနဆိုင်ရာများက သိရှိလိုသည့်အချက်များကို မေးမြန်းမှုများအား အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
သက်နောင်ဦး(ငါန်းဇွန်)