မိုင်းယောင်း ဧပြီ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ရှေးဟောင်းသမိုင်းဝင် ထပ်လုံစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပြီးမြောက်ခြင်း၊ ဓမ္မာရုံသစ် ဆောက်လုပ်ပြီးစီးခြင်းနှင့် ထပ်လုံစေတီတော်အဆင်းလမ်း ကွန်ကရစ်ခင်းပြီးမြောက်ခြင်းစသည့် လှူဒါန်းမှုအစုစုတို့အား ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသောနှင့် ဆရာတော်၊ သံဃာတော်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့် ရပ်နီးရပ်ဝေးမှ အလှူရှင်များ၊ ပြည်သူများ တက်ရောက်ပူဇော်ကြသည်။
ဦးစွာ ထပ်လုံစေတီတော်အား ဆီမီး၊ အာရုံဆွမ်း၊ သစ်သီးကိုးမျိူး၊ ပန်းဆယ်မျိူးအား ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ထပ်လုံစေတီတော် အနေကဇာတင်ပြီး ဆရာတော်၊ သံဃာတော် ၁၁၀ ပါးအား ဆွမ်းဆန်တော်လောင်းလှူကြသည်။ ထို့နောက် တရားတော်နာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှပေးဝေကာ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း