မိုင်းရှူး ဧပြီ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၆ခုနှစ်၊ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၃) နာရီခွဲအချိန်က မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဗိုလ်လုပွဲတွင် ရှမ်းချယ်ရီ FC အသင်းနှင့် 90 FCအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းချယ်ရီ FC အသင်းက 90 FC အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအစီအစဉ်ကို ဆက်လက်ကျင်းပရာ 90 FC အသင်းက ဒုတိယဆုရရှိပြီး တစ်ဦးချင်းငွေဆွဲပြားဆုနှင့် ငွေသားဆု၊ ရှမ်းချယ်ရီ FC အသင်းက ပထမဆုရရှိပြီး တစ်ဦးချင်းရွှေဆွဲပြားဆု၊ နောက်တန်း၊ အရှေ့တန်း၊ အလယ်တန်း၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး ဘောလုံးသမားဆု၊ အကောင်းဆုံးဂိုးသမားဆု၊ ပထမဆုတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုတို့ကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနော်ခမ်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝါသနာရှင်မိဘပြည်သူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မိုင်းရှူး(ပြန်/ဆက်)