မူဆယ်မြို့တွင် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး နွေရာသီတွင် သင်ခန်းစာများ ပို့ချပေးလျက်ရှိ

မူဆယ် ဧပြီ ၂၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး နွေရာသီ ကျောင်းပိတ်ရက်တွင် သင်ခန်းစာများကို အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း၌ ပို့ချလျက်ရှိကြောင်း သိရသည်။

ထိုသို့ပို့ချရာတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် Grade 11 တက်ရောက်ဖြေဆိုပြီးစီးခဲ့သည့် ကျေင်းသား/ကျောင်းသူများအား Stream-1 နှင့် Stream-2 ခွဲကာ မတ်လ ၁ ရက်နေ့မှစ၍ နံနက် ၉ နာရီမှ ၁၂ နာရီနှင့် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ သက်ဆိုင်ရာဘာသာပြ ဆရာ/ဆရာမများက အခမဲ့သင်ကြားပို့ချလျက်ရှိရာ မဟာသင်္ကြန်ကာလတွင် ခေတ္တရပ်နား၍ ယခုအချိန်တွင် ဆက်လက်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။      

ချယ်ရီမြေ(မူဆယ်)