ရန်ကုန် ဧပြီ ၂၃
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီအခြေခံ ပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်သင်ကြားခြင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန် အခြေခံပန်းချီရေးဆွဲနည်းကို ကျွမ်းကျင်တတ်မြောက်စေရန်အတွက် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပန်းချီနည်းပြဆရာ ဦးချစ်တဲ့မောင် (ရွှေမြို့တော် ပန်းချီသင်တန်းကျောင်း) က ဆက်လက်သင်ကြားပေးလျက်ရှိသည်။
အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၅) ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကို ဧပြီလ (၂၃) ရက်နေ့မှ မေလ (၁၄) ရက်နေ့ထိ နည်းပြဆရာ၊ ဆရာမများက စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးသီဟ