ရန်ကုန် ဧပြီ ၂၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံး၊ မြို့နယ်ရုံးနှင့် မြို့ရုံးတို့မှ ဦးစီးအရာရှိများ၊ ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် (၁၀)နာရီတွင် သန်လျင်မြို့ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက ခရိုင်ရုံး၊ မြို့နယ်ရုံး၊ မြို့ရုံးများအနေဖြင့် ပူပြင်းခြောက်သွေ့သောရာသီတွင် မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပွားစေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က အမြဲမပြတ် စစ်ဆေးဆောင်ရွက်သွားကြရေး ဆွေးနွေးမှာကြားသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးပြည့်စုံထွန်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ မီးလောင်မှုဖြစ်ပွားရခြင်း၏ အဓိကအချက်(၃)ချက်ရှိပါကြောင်း၊ မီးသတ်ဆေးဗူး(၅)မျိုးရှိပါကြောင်းနှင့် ဌာနဆိုင်ရာရုံးများ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးသတ်ဆေးဘူးထားရှိမှု၊ မီးချိပ်၊ မီးကပ်၊ ရေ၊ သဲ အဆင်သင့်ထားရှိရေးတို့ကို အသိပညာပေးဟောပြောဆွေးနွေးပြီး မီးသတ်ဆေးဘူး အသုံးပြုပုံများအား လက်တွေ့ရှင်းလင်း သရုပ်ပြသခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (သန်လျင်)