တွံတေးမြို့နယ်တွင် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး နေ့အလိုက် စက်သုံးဆီရောင်းချနေမှု လိုက်လံစစ်ဆေး

တွံတေး ဧပြီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး Bar Code/ QR Code ဖြင့် စုံ/မ ရက်ဖြန့်ဖြူးရောင်းချမှုနှင့် စီးပွားဖြစ် ဆီတန်းစီဝယ်ယူရောင်းချမှုများ မရှိစေရေး ယာဉ်များကို နေ့အလိုက် စက်သုံးဆီရောင်းချနေမှု လိုက်လံစစ်ဆေးခြင်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က တွံတေးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာတွင် တွံတေးမြို့ရှောင်လမ်းရှိ ချမ်းမြေ့ဂုဏ် ၊ Almon ၊ တွံတေး-ဒလကားလမ်းဘေးရှိ ရွှေဗျိုင်းဖြူ၊ တွံတေး-ဒလကားလမ်း ဘုရားငုတ္တိုလမ်းဆုံရှိ MAX စက်သုံးဆီဆိုင်များတွင် ဆီရောင်းချနေမှုအခြေအနေများနှင့် ဆီလှောင်ကန်များတွင် စက်သုံးဆီကျန်ရှိမှုအခြေအနေနှင့် စက်သုံးဆီရောက်ရှိ/ ဖြန့်ဖြူးမှုအား ညွှန်ကြားချက်များအတိုင်း စနစ်တကျဆောင်ရွက်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊ သိုလှောင်ရန်အတွက် ဝယ်ယူခြင်းများရှိပါက ရောင်းချမှုမရှိစေရေး စသည်များ မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးမှုများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးလှိုင် (တွံတေး)