မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအဖြေရရှိမှု ထုတ်ပြန်

မော်လမြိုင် ဇန်နဝါရီ ၁၅

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့၌ ဓာတ်ခွဲအဖြေရရှိမှု ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၅၈) ဦးရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့သို့ စစ်ဆေးရာတွင် (၁၃.၁.၂၀) ရက်နေ့နှင့် (၁၄.၁.၂၀) ရက်နေ့တွင် မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၌ အသွား အလာကန့်သတ် ထားရှိသူများ၊ ကျိုက်ထိုမြို့နယ် စစ်တောင်းတံတားထိပ်တွင် စစ်ဆေးခဲ့သူများ၊ နေအိမ်များတွင် အသွားအလာ ကန့်သတ်ထားသူများ၊ အထွေထွေ ရောဂါကုဆေးရုံကြီး ပြင်ပလူနာဌာနတွင်စစ်ဆေးခဲ့သူများ စုစုပေါင်း (၁၆၅၀) ဦးကို  RDT  Test Kit  ဖြင့် စစ်ဆေးခြင်းနှင့် ပြည်သူ့ကျန်းမာရေး  ဓာတ်ခွဲမှု ဆိုင်ရာဌာန စစ်ဆေးမှုအရ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၅၈) ဦး ရှိပြီး ပိုးတွေ့ရှိသူများသည် မွန်ပြည်နယ်အတွင်း နေထိုင်သူ အများစုဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွား အလာ ကန့်သတ် စောင့်ကြည့်မှုများ လုပ်ဆောင်သွားမည်ကြောင်း ဓာတ်ခွဲ အတည်ပြုလူနာများ နှင့် အနီးကပ်ထိတွေ့ခဲ့သူများ အနေဖြင့် အုပ်ချုပ်ရေး (သို့မဟုတ်) နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားခြင်းဖြင့် အကူညီ ပေးကြပါရန် ပြည်သူ့ကျန်းမာရေးဌာနမှ မေတ္တာရပ်ခံ ပန်ကြားထားကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)