ပုဇွန်တောင် ဧပြီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ် (၆) ရပ်ကွက်ရှိ ပုဇွန်တောင်ဈေး၌ ဈေးပိတ်ချိန်မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ ဈေးပိတ်ချိန်တွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာ၌ ပုဇွန်တောင်ဈေး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်ထွေးဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ဈေးတာဝန်ခံနှင့် စျေးလုံခြုံရေးများ၊ စျေးကော်မတီများနှင့်အတူ ဈေးပိတ်ချိန်မီးသုံးစွဲမှုနှင့် လျှပ်စစ်မိန်းခလုတ်များ ပိတ်ထားခြင်း ရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်