မြောက်ဥက္ကလာပမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မြောက်ဥက္ကလာပ ဧပြီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် အမှတ် (၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုမှ မြို့နယ်အတွင်း သွားလာနေကြသော မော်တော်ယာဉ်မောင်းနှင်းနေသူများ ယာဉ်အန္တရယ်ကင်းရှင်းစေရေး ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ကျန်စစ်သားလမ်းမကြီးပေါ် ရွှေပေါက္ကံတံတား‌အဆင်းတွင် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အမှတ် (၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုမှ မြို့နယ်တပ်စုမှူး ဒုတိယရဲမှူး လှိုင်ဝင်းအောင် ဦးဆောင်ကြီးကြပ်မှုဖြင့် အမှတ် (၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုမှ တပ်ကြပ်ကြီး မင်းမင်းစိုးနှင့် ပူးပေါင်းအဖွဲ့များက ကျန်စစ်သားလမ်းမကြီးပေါ် ရွှေပေါက္ကံတံတား‌အဆင်းတွင် သွားလာနေကြသော မော်တော်ယာဉ်မောင်းနှင်းနေသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ ယာဉ်မောင်းနှင်စဉ် အသက်ကယ်ထိုင်ခုံခါးပတ်ပတ်၍ မောင်းနှင်းကြရန်၊ ယာဉ်မောင်းနှင်းစဉ်လက်ကိုင်ဖုန်း အသုံးမပြုရန်၊ သတ်မှတ်ဖောင်းကြွနံပါတ်ပြားမဟုတ်ဘဲ အလှနံပါတ်ပြားမတပ်ရန်နှင့် ပါဝါအိတ်ဇောမတပ်ရန် စသည့်ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)