ရွှေပြည်သာမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များရုံးဖွင့်ပွဲနှင့် အသက်မွေးဝမ်းကြောင်း ကွန်ပျုတာ(အခြေခံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရွှေပြည်သာ ဧပြီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များ ရုံးဖွင့်ပွဲနှင့် အသက်မွေးဝမ်းကြောင်းကွန်ပျုတာ(အခြေခံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယ‌နေ့နံနက် (၁၀)နာရီက ရွှေပြည်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ရုံးဝန်း၌ ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုးတို့က အဖွင့်အမှာစကားပြောကြားပြီး လွှတ်တော်ကိုယ်စားလှယ်များရုံးအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းသန့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲရင့်စိုးညွန့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်ထူးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လွှတ်တော်ကိုယ်စားလှယ်များရုံး ဆိုင်းဘုတ်အား အမွှေးနံ့သာများဖြင့် ပက်ဖျန်းပေးခဲ့သည်။

ဆက်လက်၍ အသက်မွေးဝမ်းကြောင်း ကွန်ပျုတာသင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများ သင်ယူနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ အသက်မွေးဝမ်ကြောင်း ကွန်ပျုတာ(အခြေခံ)သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၈၀)ဦး တက်ရောက်ခဲ့ပြီး နံနက်ပိုင်း(၄၀)ဦး၊ မွန်းလွဲပိုင်း (၄၀)ဦး သင်ကြားပို့ချပေးသွားမည်ဖြစ်ကာ သင်တန်းကာလမှ (၆)ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးထွန်း (ပြန်/ဆက်)