ကျောက်တန်း ဧပြီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်ရှိ မြို့မဈေးမီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခြင်းကို ယမန့်ညပိုင်းက ဆောင်ရွက်ခဲ့သည်၊၊
အဆိုပါမြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခြင်းအား ကျောက်တန်းမြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးအောင်ကျော်ဝင်း ဦးဆောင်အဖွဲ့၀င်များ၊ ဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ ဈေးလုံခြုံရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် ဈေးပိတ်ချိန် အသေးစိတ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှု မဖြစ်ပွားစေရေးအတွက် မီးသတိမူရေးဆော်ဩခြင်း၊ ဈေးသီးသန့်မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းနိုင်ရေးစည်းရုံးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
နေလင်းကျော် (ပြန်/ဆက်)