မိုင်းပျဉ်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကြက်ခြေနီအကြောင်း သိကောင်းစရာ Talk Show ဆောင်ရွက်

မိုင်းပျဉ်း      ဇန်နဝါရီ     ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကြက်ခြေနီအကြောင်း သိကောင်းစရာ Talk Show ကို ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေမွန်ထွဋ်က ကြက်ခြေနီအကြောင်း သိကောင်း စရာ အသိပညာပေး Talk Show ဆေင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မိုင်းပျဉ်းမြို့နယ် ကြက်ခြေနီအသင်းမှ တပ်ဖွဲ့မှူး ဦးမင်းအောင်က ကြက်ခြေနီအသင်း၏ အခြေခံမူ ၇ ချက်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ရည်ရွယ်ချက်များနှင့် လက်ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ကြက်ခြေနီအသင်း၏ ပူးပေါင်းပါဝင်ဆောင်ရွက်နေမှုများကို ပြည်သူများ သိရှိစေရန် ရှင်းလင်းဆွေးနွေးခဲ့သည်။ 

အဆိုပါ ကြက်ခြေနီအကြောင်း သိကောင်းစရာ Talk Show ကို IPRD Mine Pyin Page တွင် ထုတ်လွှင့်ပြသဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မေမွန်ထွဋ် (ပြန်/ဆက်)