ကော့မှူး ဧပြီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်၌ ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်း နှစ်ရက်နေ့ညနေပိုင်းက ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း ရပ်ကွက်များ၊ လမ်းများတွင် အန္တရာယ်ကင်းပရိတ်ရေများ လိုက်လံပက်ဖျန်း ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ လိုက်လံပက်ဖျန်းရာတွင် ကော့မှူးမြို့နယ်အတွင်းရှိ ပြည်သူများ နှစ်သစ်တွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ရောဂါဘယကင်းဝေးစေရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ လမ်းမများနှင့် မြို့အဝင်၊ အထွက်ကြိုဆိုပါ၏ ဆိုင်းဘုတ်များတွင် အန္တရာယ်ကင်းပရိတ်ရေများ မီးသတ်ရေသယ်ယာဉ်တစ်စီးနှင့် တပ်ဖွဲ့ဝင်(၅)တို့က လိုက်လံပက်ဖျန်းလျက်ရှိကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)